Saturday, September 1, 2012

ကဲဖတ်အုံး

                   အကျဉ်းထောင် တခုတွင်   ပြစ်ဒဏ် ကျခံနေရသော ထောင်ကျတဦးထံ ဇနီးဖြစ်သူက စာပို.လိုက်တယ် ထုံးစံအတိုင်း စာကို ထောင်မှုးကြီးမှ ဖောက်ဖတ်ပြီး    မှပေးတယ် 
                        စာတွင် ယောက်ျား ရေ ယောက်ျားမရှိတုန်း နောက်ဖေး က မြေကွက် ကလေး မှာ ဆလပ်ကလေး မုန်.ညင်းကလေး တွေ စိုက်မလို.ပါ  ဘယ်အချိန်လောက် စိုက်ရင် ကောင်းမလဲ အကြောင်းပြန်ပေးပါအုံး လို.ရေးထားပါတယ် ထောင် ကျယောက်ျား က မိန်းမရေ နောက်ဖေးက မြေကွက်ကိုတော. သွားမထိနဲ. အရေးကြီးတယ် အဲမှာ ယောက်ျား ရထားတာတွေ ကို မြှပ် ထားတယ်လို. အကြောင်းပြန် စာရေးလိုက်တယ် မကြာခင်မှာ ဘဲ ဇနီးဖြစ်သူထံမှ စာတစောင်ထပ်ရောက်လာပါတယ်
                       ယောက်ျားရေ ဘာတွေက ဘယ်လိုဖြစ်တယ်တော.မသိတော.ပါဘူး နောက်ဖေး မြေကွက် တခုလုံးမှာ တူးထားလိုက်တာ မွစာကို ကြဲ နေတာပဲ ကွက်လပ်တောင် မကျန်တော.ဘူးလို. ရေးထားပါတယ် ဒီစာရတော. ထောင်ကျယောက်ျားက ထပ်အကြောင်းပြန်လိုက်တယ် မိန်းမရေ ဆလပ် တု. မုန်.ညင်း တို. စိုက်မယ်ဆိုရင် ဒီအချိန် အကောင်းဆုံး ပါပဲတဲ.  ကောင်းရော

No comments:

Post a Comment

ကွန်မန်း တခုဟာ စာရေးသူအ တွက် အားဆေးတခွက်ပါပဲ