မိုဘိုင်းဖုန်းနှင့် ပက်သက်၍ လူသိနည်းသော အကြောင်းအရာအချို့
မိုဘိုင်းဖုန်းနှင့် ပက်သက်၍ လူသိနည်းသော အကြောင်းအရာအချို့ကို စုစည်း ဖော်ပြလိုက်ရပါတယ်။
၁။ ကမ္ဘာ့ပထမဆုံး လက်ကိုင်မိုဘိုင်းဖုန်း (ဆယ်လူလာဖုန်းအမျိုးအစား)ကို Motorola မှ ၁၉၈၃ ခုနှစ်က ထုတ်လုပ်ပြီး DynaTAC 8000X လို့ အမည်ပေးထားပါတယ်။
၂။ ကမ္ဘာ့ပထမဆုံး SMS စာပို့စနစ်ကို ၁၉၉၂ ခုနှစ်မှာ စတင်ခဲ့တာ ဖြစ်ပါတယ်။
၃။ ယနေ့ မိုဘိုင်းဖုန်း အရေအတွက်ဟာ ကမ္ဘာ့လူဦးရေရဲ့ ထက်ဝက်ကျော်ရှိပါတယ်။
၎။ တစ်ကမ္ဘာလုံးမှာ ရှိတဲ့ မိုဘိုင်းဖုန်းရဲ့ ၇၀ ရာခိုင်နှုန်းဟာ တရုတ်ပြည်မှ ထုတ်လုပ်ထားခြင်း ဖြစ်ပါတယ်။
၅။ နေ့စဉ် တစ်မိနစ်ကို မိုဘိုင်းဖုန်း အလုံး ၁ ထောင် (Activated) တိုးပွားလျက် ရှိပါတယ်။
၆။ ၃ ပုံပုံ ၂ ပုံသော မိုဘိုင်းဖုန်း အသုံးပြုသူ အရေအတွက်ဟာ ဖုန်းက မီးအလင်းရောင်ကို အမှောင်မှာ ဓာတ်မီးအနေနဲ့ အသုံးပြုတတ်ကြပါတယ်။
၇။ မိုဘိုင်းဖုန်းဆိုတာ ပြန်လည်အသုံးပြု (Re-cycle) လုပ်လို့ရတယ်ဆိုတာ အမေရိကန်မှာတောင် အသုံးပြုသူ ၂.၃ ရာခိုင်နှုန်းမျှသော လူဦးရေသာ သိရှိပြီး ပြုလုပ်ကြပါတယ်။
၈။ မိုဘိုင်းဖုန်းကို ညာဘက်နားနဲ့ အသုံးပြုရင် ဦးနှောက်ထဲ ရေဒီယိုလိုင်း တိုက်ရိုက်လွမ်းမိုးနိုင်တဲ့အတွက် ဘယ်ဘက်နားဖြင့်သာ အသုံးပြုသင့်တယ်လို့ Apollo Medical Team က သက်သေပြထားပါတယ်။
၉။ ကမ္ဘာ့အရောင်းရဆုံးဖုန်းကတော့ Nokia မှထုတ်တဲ့ Nokia 110 ဖြစ်ပြီး အလုံးရေ သန်း ၂၅၀ ကျော် ရောင်းချခဲ့ပြီး ဖြစ်ပါတယ်။
၁၀။ Apple ရဲ့ iPhone တစ်လုံး လုပ်ဆောင်ချက်ဟာ ၁၉၆၅ ခုနှစ်က မြောက်အမေရိက လေတပ်မှာ အသုံးပြုတဲ့ စက်များအားလုံးရဲ့ လုပ်ဆောင်ချက်များထက် ပိုမိုစွမ်းရည်မြင့်မားပါတယ်။
၁၁။ Nokia ဖုန်းမှာ ဘက်ထရီကုန်သွားပြီး အရေးတကြီးဆက်ဖို့ လိုအပ်မယ်ဆိုရင် *3370# ကိုနှိပ်ပါက ဘက်ထရီအားပြန်ပြည့်ပါတယ်။
၁၂။ နံပါတ် 112 ကတော့ နိုင်ငံတကာ အရေးပေါ် ဖုန်းနံပါတ်ဖြစ်ပါတယ်။ နံပါတ် ၁၁၂ ကိုနှိပ်လိုက်ရင် သူ့နေရာဒေသအလိုက် အရေးကြီးဖုန်းနံပါတ် များကို Operator မှဖြေကြားပေးမှာ ဖြစ်ပါတယ်။
ဖုန်းထဲမှာ ပိုက်ဆံ မကျန်တော့ရင်တောင် ယင်းနံပါတ်ကို နှိပ်နိုင်တယ်လို့ ဆိုပါတယ်။ မြန်မာပြည်တွင် ၁၁၂ ကို ခေါ်ပါက Emergency Number ဟုပေါ်လာပြီး ရဲစခန်းဖုန်းနံပါတ်၊ မီးသတ်ဖုန်းနံပါတ်၊ အရေးပေါ်လူနာတင် ယာဉ် ဖုန်းနံပါတ် အစရှိသဖြင့် ဖြေကြားပေးသွားမှာ ဖြစ်ပါတယ်။
No comments:
Post a Comment
ကွန်မန်း တခုဟာ စာရေးသူအ တွက် အားဆေးတခွက်ပါပဲ