Samsung Galaxy S 3 ပြီးနောက် Samsung Galaxy S ကင်မရာ
ဒီသတင်းကို GSMArena မှ ဖော်ပြခဲ့တာဖြစ်ပါတယ်။ သတင်းကတော့ Samsung Galaxy S ကင်မရာ ထုတ်လုပ်ဖြန့်ချိမယ်ဆိုတာပဲ ဖြစ်ပါတယ်။
Rumor အဆင့်ပဲ ရှိသေးသာဆိုတယ်။ ပါဝင်တဲ့ Specification ကိုတောင် အတိအကျ ဖော်ပြထားကြပါတယ်။ Android 4.0 ခေါ်တဲ့ Ice Cream Sandwich ကိုအသုံးပြုပြီး 16 Megapixel အထိ sensor အားကောင်းတယ်လို့ ဆိုပါတယ်။ စာရင်းအရဆိုရင်
OS : Android 4.0 (Ice Cream Sandwich)
Screen (ဖန်သားမျက်နှာပြင်) : ၃လက်မ
Optical Zoom : ၁၀ဆ
Thickness (အထူ) : 16 mm (Samsung Galaxy S3 ထက် နှစ်ဆဝန်း ကျင်ထူ)
Resolution : 16 megapixels
Feature : Wi-Fi, Xenon Flash, အင်တာနက် Browser, Social Network များတွင် ဓာတ်ပုံ တင်နိုင်ရန် ထောက်ပံ့ပေးထား (Photography apps များ)
Android OS သုံး ကင်မရာအနေနဲ့ကတော့ Nikon မှလည်း Coolpix S880C ဆိုပြီး ထုတ်လုပ်ထားပါတယ်။ ဒါကြောင့် Samsung ထုတ် Galaxy S Camera ဟာလည်း Android OS သုံးကင်မရာ ဖြစ်လာပါအုံးမယ်။ နည်းပညာပြပွဲကြီး IFA 2012 မှာ ဝင်ရောက်မိတ်ဆက်ပြသမယ်လို့လည်း GSM Arena မှ ဖော်ပြထားပါတယ်။
---
Ref:GSMArena
No comments:
Post a Comment
ကွန်မန်း တခုဟာ စာရေးသူအ တွက် အားဆေးတခွက်ပါပဲ